ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ပုဏ္ဏားကျွန်း ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းတည့်(၁၂)နာရီက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲအစီအစဉ်တွင် ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေက အသိပညာပေးဆွေးနွေးပွဲတို့ကို နွေရာသီကျောင်းပိတ်ရက်များတွင် ကျေင်းသား၊ လူငယ်များအတွက် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်လာစေရန်ရည်ရွယ်၍ “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်(၃) ဦးထွန်းစိန်ချေက လူငယ်နှင့်အားကစားဆက်စပ်ပုံ၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ အားကစားနည်းဖြင့် လူငယ်တို့၏ဘဝကို မြှင့်တင်ပေးနိုင်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက် များတွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ချိတ်ဆက်၍ မိမိစိတ်ပါဝင်စားတဲ့ အားကစားနည်းများကို လေ့ကျင့်သင်ယူနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတများ ပိုမိုရရှိလာစေရန်ရည်ရွယ်၍ Talk Show ဆွေးနွေးပွဲတို့ကို လစဉ် We Love Ponnagyn Page တွင် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

နီထွန်းအောင်