ပုလော ဇွန် ၁၈
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (အကြို) ယမန်နေ့နံနက် ၁၀ နာရီက ပုလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောရာတွင် ကျောင်းအုပ်ဆရာကြီး ဦးမြကိုက ကျောင်းသားလူငယ်များအနေဖြင့် အလေ့အကျင့်ကောင်းများကို မွေးမြူ၍ ကောင်းမွန်သော ဘဝကို ဖန်းတီကြရန် အဖွင့်အမှာ စကားပြော ကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က လူသားများကို အညွှန့်တုံးစေမည့် မူးယစ်ဆေးအန္တရာယ်ကို အမျိုးသားရေးအသွင်ဖြင့် အားလုံးပူးပေါင်းဆောင်ရွက်ရန်နှင့် မူးယစ်ဆေးသုံးစွဲရခြင်း၏ အဓိကအကြောင်းအရင်းများ၊ မူးယစ်ဆေး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ရုပ်ပိုင်း/ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် လူငယ်များ မူးယစ်ဆေးမှကင်းဝေးရန် လိုက်နာရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ဉာဏ်စမ်းမေးခွန်းများကို မေးမြန်းဆွေးနွေးပြီး၊ အမှတ်တရလက်ဆောင်များကို ချီးမြှင့်ခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးနံရံကပ်ဘုတ်များပြသရာ ကျောင်သား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)