ကွန်ဟိန်းမြို့၌  ပိုလီယိုကာကွယ်ဆေး(အပိုဆောင်း)စတင် တိုက်ကျွေးခြင်းများ ဆောင်ရွက်

ကွန်ဟိန်း   ဇွန် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့အတွင်းရှိ ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး (အပိုဆောင်း)တိုက်ကျွေးခြင်း ကို ဇွန်လ(၁၆) ရက်နေ့မှ စတင်တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသက်(၅)နှစ်အောက်ရှိမြို့ပေါ် (၅)ရပ်ကွက်နှင့် စာသင်ကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများအားလုံး ပိုလီယိုရောဂါဖြစ်ပွားမှုမှကင်းဝေးကာ ကျန်းမာသန်စွမ်းဥာဏ်ရည်ထက်မြက်၍ အဖက်ဖက်မှဘက်စုံဖွံဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်ကာ တိုက်ကျွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ကွန်ဟိန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်မာအေးနှင့်ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)