အမြို့မြို့အနယ်နယ်သတင်းများ

Mar 07,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်မီးသတ်ဦးစီးဌာနရုံး၌ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသခြင်း အခမ်းအနားသို့ တက်ရောက်ကြပြီး မီးသတ်ယာဉ်များနှင့် ရှာဖွေကယ် ဆယ်ရေးပစ္စည်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြကာ ရခိုင်ဒေသထွက် စားသောက်ကုန်လုပ်ငန်းများ ထုတ်လုပ်နေသော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှု အားပေးကြသည်။
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူမြို့ သာသနာ့ဗိမာန်တော်၌ ယနေ့နံနက်ပိုင်းက ပရိယတ္တိပျိုးခင်းဆရာတော်များဦးစီး၍ အင်္ဂပူမြို့နယ်အသင်း (ရန်ကုန်/ဌာနေ)နှင့် မြို့မိ၊ မြို့ဖများ   ပူး‌ပေါင်းဖွင့်လှစ်သည့် ဗုဒ္ဓဘာသာသုတအဖြာဖြာနှင့် English Grammer သင်တန်းဖွင့်လှစ်ခဲ့သည်။
Mar 07,2023
နွေရာသီကျောင်းပိတ်ရက်သို့ ရောက်လာပြီဖြစ်၍ ကျောင်းသား/သူများအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချစေရန်၊ လူငယ်များ လေလွှင့်မှုမရှိစေရန်၊ ထူးချွန်သည့် လူငယ်ဘောလုံး သမားပေါ်ထွက်လာစေရန်၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် နွေရာသီအားကစားအခြေခံ ဘောလုံးသင်တန်းကို မတ်လ ၁ ရက်မှစ၍ သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက်၊ ပန်းတောဘောလုံးကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Mar 07,2023
ဗန်းမော်မြို့ သမိုင်းဝင်ရွှေကျီးနား မဟာစေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ် ၇ ရက် နံနက် ၉ နာရီက အဆိုပါ စေတီတော်မြတ်မုခ်ဦးအဝင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျုံဒါးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ နောက်ပြန်တိုးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် တော်ကမယ်ကျေးရွာ အ​ခြေခံပညာအထက်ကျောင်း(ခွဲ)တွင် ယနေ့နံနက် (၁၀) နာရီခွဲကစတင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို  စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 07,2023
စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် "ဆန်စပါးဥပဒေ(မူကြမ်း)" ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ UMFCCI ရုံးချုပ်မင်္ဂလာခန်းမ၌ ကျင်းပသည်။
Mar 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသောအသိအမြင်ဗဟုသုတများကို အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Women Club)နှင့်ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီခွဲက ဆောင်ရွက်ခဲ့သည်။
Mar 07,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ အမယာမော်နိုင် ဦးဆောင်သောအဖွဲ့နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် မစ္စတာ ဂျာခီရ်အာမတ်တို့အား သီးခြားစီ တွေ့ဆုံခဲ့သည်။