သာပေါင်း မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ အကြမ်းဖက်သမားများဘေးရန်မှ ကင်းဝေးပြီး အေးချမ်းသာယာ လုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ ယနေ့ မတ်လ ၈ ရက်နေ့ ည ၁၀ နာရီကစတင်၍ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ကာ ဧည့်စာရင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးဝင်းနိုင်ဦး၊ ဒုတိယရဲအုပ်အောင်လွင်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၃၀၈)ခြေမြန်တပ်ရင်း၊ ဒုတိယအရာခံဗိုလ်ဝင်းလှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဦးထွန်းဝင်း၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့မှ အမှတ်(၃)ရပ်ကွက်၊ ကန္နားလမ်းတစ်လျောက်၌ ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်ကြသည်။
သာပေါင်းမြို့နယ်အတွင်း နေထိုင်ကြသည့် အများပြည်သူတို့၏ဘဝ အကြမ်းဖက်သမားများဘေးရန်မှ ကင်းဝေး၍ စိတ်အေးချမ်းသာယာလုံခြုံစွာ နေထိုင်နိုင်စေရေး၊ မှု့ခင်းကြိုတင်ကာကွယ်ရေး၊ ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံရေးဆိုင်ရာ လုပ်ငန်းများနှင့် ဧည့်စာရင်းစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)