ကျွန်းစု မတ် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် တပေါင်းလဆုတ်(၃)ရက်နေ့ ညနေ့ပိုင်းက အေးငြိမ်းသုခဓမ္မရိပ်သာကျောင်းတိုက် ရင်ပြင်မှစ၍ မြို့ပေါ်ရပ်ကွက်များသို့ ရဟန်းသာမဏေများ ကြွရောက်ရာ လမ်းတစ်လျှောက်တွင် ဒေသခံပြည်သူ အလှူရှင်များက ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်။
လှူဒါန်းရာတွင် အမှတ်(၃)ရပ်ကွက်ရှိ အေးငြိမ်းသုခဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဦးဉာဏိန္တ ဦးဆောင်၍ ဒုလ္လဘရဟန်းသာမဏေ ပါး(၅၀)တို့က မြို့ပေါ် ရပ်ကွက်များသို့ ကြွရောက်လာရာ ရပ်ကွက်အသီးသီးမှ အလှူရှင်များက စီတန်းစောင့်ဆိုင်း၍ လှူဖွယ်ဝတ္ထု ပစ္စည်းမျိုးစုံတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)