ကန့်ဘလူ မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကလေးငယ်များ အသိပညာဗဟုသုတ တိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဆိုပါရုံး ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများ ပြုလုပ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အသိပညာဗဟုသုတ တိုးပွားစေမည့် သုတရသစာအုပ်များကို ဖတ်ရှုလေ့လာကာ စာကြည့်တိုက်အား ငယ်ရွယ်စဉ်ကပင် အသုံးပြုတတ်လာစေရန်၊ ကာယဉာဏပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူက ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးတို့က ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်တရ လက်ဆောင်အဖြစ် ဗလာစာအုပ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)