မိုးကုတ်မြို့နယ်၊ လူထုအခြေအပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အ​ကြောင်း အသိပညာပေး (Talk Show) ပြုလုပ်

မိုးကုတ် မတ် ၉

၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃:၀၀နာရီက မန္တလေးတိုင်းဒေသကြီးမိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အသိပညာပေး(Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ မတ်လ ()ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့မှုနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရေး စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်  ဒုတိယဉီးစီးမှူး ဒေါ်နန်းခွာညိုနှင်းက  အမျိုးသမီးများ စွမ်းဆောင်ရည် ပိုမိုမြင့်မားစေရေး၊ စံပြုထိုက်သော အမျိုးသမီးများအား ဂုဏ်ပြုရေးနှင့် အမျိုးသမီးများ၏ စွမ်းရည်ကို မြှင့်တင်ပေးခြင်းဖြင့် ကုန်ထုတ်စွမ်းအားများ တိုးတက်လာမည်ဖြစ်ပြီး အမျိုးသမီးများ တိုးပွားလာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် လုပ်အားဆုံးရှုံးမှုများကို ကာကွယ်နိုင်မှာ ဖြစ်ပါကြောင်း၊ အမျိုးသမီးတစ်ဦးချင်းစီ၏ အရည်အချင်း၊ အရည်အသွေး၊ လုပ်ကိုင်နိုင်စွမ်းတို့ကို မြင့်တင်ပေးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်သင့်ပါကြောင်းး စသည့် အကြောင်းအရာတို့ကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)