အမြို့မြို့အနယ်နယ်သတင်းများ

Jun 19,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၂၇)အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 19,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jun 19,2025
တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင်  ကဗျာရွတ်ပြိုင်ပွဲကို  ယမန်နေ့   ညနေပိုင်းက  ကျင်းပခဲ့သည်။
Jun 19,2025
ဧရာဝတီတိုင်းဒေကြီး၊ ပုသိမ်မြို့၊ သမဝါယမစာရင်းရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Jun 19,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများစားသုံးဆီ ဝယ်ယူသုံးစွဲရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆီဝယ်စာအုပ်(၁) အုပ်ပြုလုပ်ပေးထားပြီး ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျစနစ်ဖြင့် ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ ရောင်းချပေးလျက်ရှိကြောင်းနှင့် ယမန်နေ့က ဆီဝယ်စာအုပ်(၁)အုပ် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် စားအုန်းဆီ(၆၆၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Jun 19,2025
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်အတွင်းရှိ ဒေသခံများအနေဖြင့် မြေအောက်ရေကို စနစ်တကျ အသုံးပြု၍ နှစ်ရှည်သီးနှံပင်များအပြင် နှစ်တိုပင်များဖြစ်သည့် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်းရာသီမရွေး စိုက်ပျိုးလုပ်ကိုင်ကြရာ မိသားစု စားနပ်ရိက္ခာ ဖူလုံမှုရှိသည့်အပြင် အပိုဝင်ငွေရရှိကြောင်းသိရသည်။