အမြို့မြို့အနယ်နယ်သတင်းများ

Jun 19,2025
ပဲခူးမြို့နယ် သစ်​တောဦးစီးဌာနနှင့် ပန်းပျိုးလက် ဘုန်း​တော်ကြီးသင်ပညာ​ရေးကျောင်းတို့ ပူးပေါင်းကျင်းပသည့် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော်ကို ဇွန်လ ၁၇ ရက်နေ့က ထုံးကြီး‌ကျောက်တန်းကျေးရွာရှိ ပန်းပျိုးလက်ဘုန်း​တော်ကြီး​ကျောင်း၌ ပြုလုပ်ခဲ့သည်။
Jun 19,2025
ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့်သရုပ်ပြပွဲအား ဇွန်လ ၁၇ ရက်နေ့ညနေပိုင်းက တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 19,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးသရုပ်ပြလေ့ကျင့်ခန်းပြုလုပ်ခြင်းကို ဇွန်လ ၁၇ ရက်၊ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့သည်။
Jun 19,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းကာကွယ်တို့အတွက် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရပ်စောက်-ပင်းတယ သွားလမ်းတောင်ဘက်၊ မြို့အဝင်ဆိုင်းဘုတ်အနီး၊ အင်းခေါင်းကန်၊ ရေဝေရေလဲ ဧရိယာအတွင်း၌ ကျင်းပသည်။
Jun 19,2025
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသားလူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့်အသိပညာပေးခြင်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ အခြေခံပညာကျောင်းများတွင်ဆောင်ရွက်နေလျက်ရှိရာ ဇွန်လ ၁၇ ရက်နေ့မွန်းလွဲပိုင်းက ဒိုင်းတရာကျေးရွာအုပ်စု၊ ဒိုင်းတရာ(၁) အခြေခံပညာမူလတန်းလွန်ကျောင်းသို့  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jun 19,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ စီမံအုပ်ချုပ်‌ရေးအဖွဲ့မှဦးဆောင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာအထက်တန်းကျောင်း(ပေါက်ခေါင်း)နှင့် မြို့ဈေးတို့၌ “အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးသရုပ်ပြပွဲ” ကျင်းပပြုလုပ်သည်။