ကျောက်ဆည်မြို့နယ်တွင် ဆီဝယ်စာအုပ်တစ်အုပ် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် စားအုန်းဆီ(၃၃၀) ပိဿာရောင်းချပေး

ကျောက်ဆည် ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများစားသုံးဆီ ဝယ်ယူသုံးစွဲရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆီဝယ်စာအုပ်(၁) အုပ်ပြုလုပ်ပေးထားပြီး ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျစနစ်ဖြင့် ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ ရောင်းချပေးလျက်ရှိကြောင်းနှင့် ယမန်နေ့က ဆီဝယ်စာအုပ်(၁)အုပ် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် စားအုန်းဆီ(၆၆၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးသောစားအုန်းဆီများကို Resources Group Trading Co,Ltd မှ သတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာငွေ(၆၁၈၅)ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး ရောင်းဈေး(၁)ပိဿာ(၇၂၇၅)ကျပ်နှုန်းဖြင့် ဆီအရောင်းဆိုင်ဖြစ်သည့် နေလသုခ-၂ စားသုံးဆီ လက်လီလက်ကားရောင်းဝယ်ရေးဆိုင်မှ ကျောက်ဆောက်ကုန်းကျေးရွာ၊ ကျောက်ဆောက်ကလေးကျေးရွာသို့ ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ သိရသည်။

    စုစုအေး (ကျောက်ဆည်)