အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2023
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ ကျောင်းပိတ်ရက်အတွင်း လူငယ်များ အသိပညာဗဟုတ တိုးပွားပြီး ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက် စေရေးအတွက်အခြေခံပန်းချည်တံထိုးနည်း သင်တန်းကို  ​​ယမန်နေ့ နံနက် ၁၂ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Mar 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၁)နာရီအချိန်က လူငယ်နှင့်ဆိုရှယ်မီဒီယာခေါင်းစဉ်ဖြင့်အသိ ပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 14,2023
မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီးကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
Mar 14,2023
ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အခမ်းအနားတွင် ဖျော်ဖြေရေးအစီအစဉ်များ စနစ်တကျဖျော်ဖြေနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ‌ ၃ နာရီအချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
Mar 14,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် သစ်အချောထည်စက်ရုံတွင် ယနေ့နံနက် ၁၂ နာရီ ၂၀ မိနစ်ခန့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Mar 14,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နေ့လယ် ၁၂ နာရီက အအေးနှင့် အာဟာရမုန့်များဝေငှဒါနပြုခဲ့ကြကြောင်း သိရသည်။