လဟယ် မတ်လ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အပတ်စဉ် ပြိုင်ပွဲများ ကျင်းလျက်ရှိရာ ကဗျာ၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြောပြိုင်ပွဲကို ယနေ့နံနက် (၀၉:၀၀)နာရီက အဆိုပါခန်းမ၌ ကျင်းပခဲ့သည်။
ထိုသို့ ပြိုင်ပွဲများ ကျင်းရာတွင် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် (၈)ဦး၊ ပန်းချီပြိုင်ပွဲတွင် (၁၂)ဦး၊ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် (၁၀)ဦး၊ ပုံပြောပြိုင်ပွဲတွင် (၈)ဦး စုစုပေါင်း ပြိုင်ပွဲ၀င် ကျောင်းသား/သူ (၃၈)ဦး ဝင်ရောက်ရှင်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုတို့ကို ရွေးချယ်ကာ ဆုများ ချီးမြင့်ပေးခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ် ပြန်/ဆက်