ပေါင်းတည် မတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နေ့လယ် ၁၂ နာရီက အအေးနှင့် အာဟာရမုန့်များဝေငှဒါနပြုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုသည် နယ်မြေတာဝန်ခံ၊ စစ်ဦးစီးပထမတန်း ဒုတိယဗိုလ်မှူးကြီး အောင်စည်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့်အဖွဲ့နှင့်အတူ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ယနေ့ရူပဗေဒဘာသာရပ်ကို အောင်မြင်စွာဖြေဆိုပြီးစီးခဲ့သူ ကျောင်းသား၊ ကျောင်းသူလေးများ စိတ်ကြည်လင်လန်းဆန်းစေရန် အာဟာရနှင့်စိတ်ခွန်အားဖြစ်စေရန်ရည်ရွယ်၍ စုပေါင်းဒါနပြုကာ ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အ.ထ.က(ပေါင်းတည်)စာစစ်ဌာန၌ ၂၀၂၃ ခုနှစ်၊ နှစ်ဆုံးစာမေးပွဲကို ဆက်လက်ဖြေဆိုလျက်ရှိရာ ယနေ့တွင်ပုဂ္ဂလိကကျောင်းများအပါအဝင် အတွင်းဖြေ၊ အပြင်ဖြေ ဖြေဆိုသူ စုစုပေါင်း ၂၆၀ ဦး၊ ၈၆.၃၈ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)