သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အခြေခံပန်းချည်တံထိုးနည်း သင်တန်း ဖွင့်လှစ်

သံတွဲ မတ် ၁၄

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ ကျောင်းပိတ်ရက်အတွင်း လူငယ်များ အသိပညာဗဟုတ တိုးပွားပြီး ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက် စေရေးအတွက်အခြေခံပန်းချည်တံထိုးနည်း သင်တန်းကို  ​​ယမန်နေ့ နံနက် ၁၂ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခြေခံပန်းချည်တံထိုးနည်း သင်တန်းသို့  သံတွဲမြို့ရှိ အခြေခံပညာ ကျောင်းများမှ အထက်တန်း အလယ်တန်း ကျောင်းသား၊ ကျောင်းသူ (၃၅)ဦးအား နည်းပြဆရာ ဒေါ်ခင်မြဝါ (အငယ်တန်းစာရေး )က မတ်လ ၁၃ ရက်နေ့မှ မတ် ၁၇ ရက်နေ့အထိ (၅)ရက် အခမဲ့ သင်ကြားပေးသွားမည် ဖြစ်သည်။

ခရိုင်(ပြန်/ဆက်)