အမြို့မြို့အနယ်နယ်သတင်းများ

Mar 15,2023
စဉ့်ကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်နေ့မှစတင် ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမနေ့ ရူပဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုပြီးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အားဖြည့်အချိုရည်နှင့် အာဟာရပြည့်မုန့်များ ပေးဝေခြင်းကို ယနေ့နေ့လယ် (၁၂) နာရီက စဉ့်ကူးမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Mar 15,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက "ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်ရေး" ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
Mar 15,2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဘောလုံးဆပ် ကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား(လူသစ်တန်း) သုံးပွင့်ဆိုင် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းက စစ်ကိုင်းမြို့မ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်ထောင်စုများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ယနေ့နံနက်ပိုင်း၌ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
Mar 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ (ရူပဗေဒဘာသာရပ်)ကို ယနေ့နံနက်ပိုင်းအချိန်က အ.ထ.က(ခိုလမ်)စာစစ်ဌာနတွင် အေးချမ်းစွာ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။