အမြို့မြို့အနယ်နယ်သတင်းများ

Mar 15,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဝန်ထမ်းများနှင့် မိသားစုဝင်များ ကျန်းမာရေးအသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ကျန်းမာရေးအသိစိတ်ဖြင့် စနစ်တကျနေထိုင်သွားနိုင်ရန်အတွက် မတ် ၁၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မိသားစုအခြေပြု၊ လုပ်ငန်းခွင်အခြေပြု မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မတ်လ၈ရက်နေ့မှ ၁၈ရက်နေ့အထိ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မောက်မယ်စာစစ်ဌာနမှ ကျောင်းသား၊ ကျောင်းသူများက ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက အေးချမ်းစွာဆက်လက်လာရောက်ဖြေဆိုကြောင်းသိရသည်။
Mar 15,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ဌားရမ်းပေးခြင်းကို ယမန်နေ့နေ့လယ်(၃)နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
Mar 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မတ်လ(၈) ရက်နေ့မှစတင်၍ ဖြေဆိုလျှက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 15,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ထုတ်ဝေသည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းတည့် ၁၂နာရီက ပြည်စံအောင်စာစစ်ဌာန ရူပဗေဒဘာသာရပ် ဖြေဆိုပြီးချိန်တွင် ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့သည်။
Mar 15,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကန်ပြောင်ခေတ်မီစံပြကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) အသက်မွေးဝမ်းကျောင်းလုပ်ငန်းအား ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းဝင်းလတ်နှင့်ဝန်ထမ်းများမှ (၁၄-၃-၂၀၂၃)ရက်နေ့တွင် ကွင်းဆင်းခဲ့ပါသည်။ 
Mar 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ယမန်နေ့ကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။