အမြို့မြို့အနယ်နယ်သတင်းများ

Mar 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့ကစတင်၍ အ.ထ.က(မိုင်းခတ်)စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိရာ ယနေ့တွင်အတွဲ(၁) ဘောဂ‌ဗေဒဘာသာရပ်နှင့်အတွဲ(၇) ဇီဝဗေဒဘာသာရပ်၏‌ နောက်ဆုံးနေ့ဖြေဆိုပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
Mar 15,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Mar 15,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံ ပညာအထက်တန်းကျောင်းသို့ ယမန်နေ့ မွန်းလွဲပိုင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Mar 15,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ စာစစ်ဌာနအသီးသီး၌ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 15,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ယမန်နှစ်က ကြံသီးနှံဧကနှစ်သောင်းကျော်စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ယခု ၂၀၂၃ ခုနှစ်တွင်လည်း ကြံသီးနှံ(၂၀၄၉၇)ဧကကို  တောင်သူများ၏ယာမြေများတွင် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Mar 15,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြဗဟိုဌာန (Community Centre)တွင် လူငယ်လူရွယ်များ၊ ကျောင်းသား/သူများ အသိပညာဗဟုသုတများ ရရှိရေးအတွက် ဗဟုသုတရဖွယ် အသိပညာပေးလှုပ်ရှားမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Mar 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အထက(မိုင်းယောင်း) စာစစ်ဌာန(၁)ခု၌ ကျင်းပလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများက ဇီဝနှင့်ဘောကဗေဒဘာသာရပ်ကို စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Mar 15,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု၊ ကင်းသာကျေးရွာ၊ ရွှေဟင်္သာဘုန်းတော်ကြီးကျောင်း တွင် ဒုတိယအကြိမ်မြောက် နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာ သင်တန်းကို ကျောင်းထိုင်ဆရာတော် ဦးစန္ဒာသီရိ ခွင့်ပြုပြီး ကင်းသား ကျေးရွာအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း၊ ကျေးရွာအုပ်စု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးပိုတို့က ကြီးကြပ်၍ မတ် ၈ ရက် နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်ရှိ ဓမ္မာရုံတွင် စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။