Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီအခြေခံ အားကစားနည်း ပြေး၊ ခုန်၊ ပစ် သင်တန်းဖွင့်လှစ်
Mar 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၃ခုနှစ် နွေရာသီအခြေခံ အားကစားနည်း ပြေး၊ ခုန်၊ ပစ် သင်တန်းအား မတ်လ(၁)ရက်နေ့မှ စတင်ဖွင့်လှစ်၍ မတ်လ(၃၁)ရက်နေ့အထိ နံနက်(၇:၀၀ မှ ၉:၀၀)နာရီအထိ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာ အားကစားကွင်း၌ အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Mar 15,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန ၂ ခုတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Mar 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မိတ္ထီလာမြို့ရေစက်ရုံအမှတ်(၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
Mar 15,2023
မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် ယနေ့နံနက် ၈ နာရီ ၃ဝမိနစ်အချိန်က ကျင်းပသည့်(၇၈)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သော မိတ္ထီလာမြို့ အရှေ့ပြင်ဈေးရပ်ကွက်ရေစက်ရုံ အမှတ်(၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Mar 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Woman Club အဖွဲ့များ ပူးပေါင်းပြီး စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော “ခေါင်းဆောင်မှု ပညာ သိကောင်းစရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏(၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပမည်
Mar 15,2023
ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏(၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြေအောက်ရေအသုံးပြုကာ မာလာကာခြံစိုက်ပျိုးရောင်းချသူများ ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေ
Mar 15,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ဆည် အနီးကျေးရွာများသည် မြေအောက်ရေကိုအသုံးပြုကာ မာလာကခြံစိုက်ပျိုးသူများ ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း လဲဂွကျေားရွာ မာလာကာခြံစိုက်ပျိုးရောင်းချသူ ဦးကျော်ဝင်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် နွေရာသီအခြေခံအင်္ဂလိပ်စာသဒ္ဒါ(အခမဲ့)သင်တန်းဖွင့်လှစ်
Mar 15,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာအခြေခံကို နားလည်သိရှိစေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသဒ္ဒါ(အခမဲ့)သင်တန်းကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12955
Page
12956
Page
12957
Page
12958
Current page
12959
Page
12960
Page
12961
Page
12962
Page
12963
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department