မောက်မယ်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအေးချမ်းစွာ ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို

မောက်မယ် မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မတ်လ၈ရက်နေ့မှ ၁၈ရက်နေ့အထိ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မောက်မယ်စာစစ်ဌာနမှ ကျောင်းသား၊ ကျောင်းသူများက ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက အေးချမ်းစွာဆက်လက်လာရောက်ဖြေဆိုကြောင်းသိရသည်။

မောက်မယ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)နှင့် အခြေခံပညာအထက်တန်းကျောင်း (ဥယာစန်း) စုစုပေါင်းကျောင်း(၂)ကျောင်းတို့မှ အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်)စာစစ်ဌာနတွင် စာရင်းရှိဖြေဆိုသူ ကျောင်းသား၊ကျောင်းသူစုစုပေါင်း(၃၁)ဦးတို့က ယနေ့ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ်ကို တည်ငြိမ်အေးချမ်းစွာ ဆက်လက်ဝင်ရောက်ဖြေဆိုပြီး မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာမြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းအကျိုးတော်ဆောင်များတို့က မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စာမေးပွဲပြီးဆုံးသည်အထိဆက်လက် ဖြေဆိုနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)