ဒလ မတ် ၁၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ဌားရမ်းပေးခြင်းကို ယမန်နေ့နေ့လယ်(၃)နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့လာရောက်ရန် အခက်အခဲရှိပြီး အလုပ်တာဝန်မအားလပ်သည့် စာဖတ်ပရိတ်သတ်များကို ရုံးပိတ်ရက်များတွင် စာပေဖတ်ရှုလေ့လာစေရန်ရည်ရွယ်၍ ဒလမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဒုတိယဉီးစီးမှူးဒေါ်အေးမြမိုးနှင့်ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ၊ ရသစာအုပ် (၇၀)အုပ်ကို အခမဲ့သွားရောက်ငှားရမ်းပေးခြင်းကို ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင် ဌားရမ်းပေးခြင်းကို ဌာနဆိုင်ရာနှင့်စာသင်ကျောင်းများသို့ အလှည့်ကျသွားရောက် ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှဝန်ထမ်းများက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဇော် (ပြန်/ဆက်)