အမြို့မြို့အနယ်နယ်သတင်းများ

Mar 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာ စာစစ်ဌာနသို့ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 15,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ခိုင်ရွှေဝါလမ်းရှိ ဦးကျော်စိန်ဝင်း၏ခြံမြေတွင် နှင်းဆီပန်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
Mar 15,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ  ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များ ဖြေဆိုခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ကာ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
Mar 15,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားကလေးငယ်များ ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရေးနှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေ ရေး ဖွင့်လှစ်ပေးသည့် အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
Mar 15,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အင်းရွာတောင်သူလယ်သမားသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီခွဲက ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၉)၊  သာယာဝတီမြို့မှဦးဆောင်၍ “ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍမြှင့်တင်ရေး” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Mar 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုယ်ဝန်‌ဆောင်မိခင်များအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခြင်းကို မတ် ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်က နမ့်ခုန် ကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာတွင် အိမ်တိုင်ရာ‌ရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
Mar 15,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်တွင် ကျောင်းသားကျောင်းသူများ ၁၀၈ ဦး စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Mar 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ၏ကျန်းမာရေးလိုအပ်ချက်များကို ကူညီစောင့်ရှောက်နိုင်စေရန်ရည်ရွယ်၍(Non Communicable Disease)မကူးစက်နိုင်သောရောဂါများရှာဖွေကုသရေးနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်သည်။