အမြို့မြို့အနယ်နယ်သတင်းများ

Mar 15,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက မြောက်လွတ်ကုန်းကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။
Mar 15,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်ကစတင်ကာ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ တာဝန်ရှိသူများ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 15,2023
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ရှိ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Mar 15,2023
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာရပ်များကို စာဖြေဌာန(၂)၌ မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုခဲ့ကြပြီး ကျာင်းသား/ကျောင်းသူများအနေဖြင့် ဘာသာတွဲအမှတ်(၁)နှင့် ဘာသာတွဲအမှတ်(၇) ဖြေဆိုကျောင်းသား/ကျောင်းသူများ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
Mar 15,2023
ကျောင်းသား၊ ကျောင်းသူ (လူငယ်၊ လူရွယ်) များအနေဖြင့် တပ်မတော်နေ့အကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်
Mar 15,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၈ ရက်နေ့မှစတင်၍ ဖြေဆိုလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ် စာစစ်ဌာန နှစ်ခုတွင်လည်း ယနေ့ မတ်လ  ၁၅ ရက်နေ့က တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဇီဝဗေဒ၊ ဘောဂဗေဒ ဘာသာရပ်ကို ကျောင်းသား/များ အေးချမ်းစွာဖြေဆိုပြီးကြောင်
Mar 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခွန်ဦးစီးဌာန တို့ပူးပေါင်းကျင်းပသော အခွန်ဆိုင်ရာအကြောင်း အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။