ပျဉ်းမနား မတ် ၁၅
ကျောင်းသား၊ ကျောင်းသူ (လူငယ်၊ လူရွယ်) များအနေဖြင့် တပ်မတော်နေ့အကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နေ့လယ်ပိုင်းက ပျဉ်းမနားမြို့နယ် အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးစီးသည့် ကျောင်းသား၊ ကျောင်းသူများထံသွားရောက် ဖြန့်ဝေခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏အား (၁၀) ပါး၊ ပြည်သူချစ်တဲ့တပ်မတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၇၇) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန်းခွန်းကောက်နုတ်ချက်နှင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမတွင်ကျင်းပသည့် ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက်များပါဝင်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)