နမ့်ဆန်မြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကိုဖြေဆိုပြီးဆုံး

နမ့်ဆန် မတ် ၁၅

၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ရှိ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းကို မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပခဲ့ရာယနေ့တွင်(၆)ရက်မြောက်နေ့ ဇီဝဗေဒနှင့်ဘောဂဗေဒ သာသာရပ်ကိုဖြေဆိုလျက်ရှိကြောင်းသိရပြီး၊ အဆိုပါဘာသာရပ်အားပျက်ကွက်မရှိ ဖြေဆိုသူကျောင်းသား/ကျောင်းသူ(၂၀၅)ဦး အောင်မြင်စွာဖြေဆိုပြီးဆုံးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ထို့နောက်ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရန်၊ ပြဿနာတစ်စုံတစ်ရာ မပေါ်ပေါက်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နယ်မြေရဲတပ်ဖွဲ့မှ မြို့နယ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တာဝန်ကျဆရာ/ဆရာမများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)