ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာရပ်များ ဖြေဆို

ဆိပ်ဖြူ မတ် ၁၅

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာရပ်များကို စာဖြေဌာန(၂)၌ မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုခဲ့ကြပြီး ကျာင်းသား/ကျောင်းသူများအနေဖြင့် ဘာသာတွဲအမှတ်(၁)နှင့် ဘာသာတွဲအမှတ်(၇) ဖြေဆိုကျောင်းသား/ကျောင်းသူများ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဆိပ်ဖြူမြို့နယ်၌ ဆိပ်ဖြူ (အ.ထ.က) စာဖြေဌာန၊ ရှောက်ပင်အင်း (အ.ထ.က) စာဖြေဌာနတို့၌ မတ်လ(၈) ရက်နေ့မှ စတင်ကျင်းပဆောင်ရွက်ခဲ့ရာ မတ်(၁၅)နေ့တွင် ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာရပ်များအား ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာတွဲအမှတ်(၁)၊ (၂)နှင့် ဘာသာတွဲအမှတ်(၇) တို့မှ ဖြေဆို ကျောင်းသား/ကျောင်းသူ (၃၆၃)ဦး လာရောက်ဖြေဆိုကြပြီး ဖြေဆိုမှုရာခိုင်နှုန်း (၈၉)ရာခိုင်နှုန်းဖြေဆိုကြောင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်စာမေးပွဲကို ဖြေဆိုရန် စာရင်းရှိ (၄၀၈)ဦးရှိခဲ့ပြီး လာရာက်ဖြေဆိုသူ (၃၆၃)ဦး လာရောက်ဖြေဆိုကာ ဖြေဆိုရန် ပျက်ကွက်သူ (၄၅)ဦးရှိခဲ့ကြောင်း ကျောင်းသား/ကျောင်းသူများအနေဖြင့် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်နေ့မှ လက်ရှိဖြေဆိုပြီးချိန်အထိ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုမှုထပ်မံပျက်ကွက်ခြင်းမရှိ အေးချမ်းပျော်ာ်ရွှင်စွာဖြင့် လာရောက်ဖြေဆိုသည်ကို တွေ့ရှိရကြောင်း၊ ယနေ့ဆိုလျှင် ဘာသာတွဲအမှတ်(၁)နှင့် ဘာသာတွဲအမှတ်(၇)တို့မှ ဖြေဆို ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ဘာသာရပ်အသီးသီးကို ဖြေဆိုနိုင်ကြကြောင်း၊ ဆက်လက်ဖြေဆိုရန် ကျန်ရှိသည့် ဘာသာတွဲအမှတ်(၂)မှ ပထဝီဝင်ဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကိုလည်း စာဖြေဌာန အသီးသီးတွင် ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးက ပြောကြား၍ သိရှိရသည်။  

ကိုဇွဲ (အညာမြေ)