လွိုင်လင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒ၊ ဘောဂဗေဒဘာသာရပ် အေးချမ်းစွာဖြေဆိုပြီး

လွိုင်လင် မတ် ၁၅

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၈ ရက်နေ့မှစတင်၍ ဖြေဆိုလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ် စာစစ်ဌာန နှစ်ခုတွင်လည်း ယနေ့ မတ်လ  ၁၅ ရက်နေ့က တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဇီဝဗေဒ၊ ဘောဂဗေဒ ဘာသာရပ်ကို ကျောင်းသား/များ အေးချမ်းစွာဖြေဆိုပြီးကြောင်း သိရသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လွိုင်လင်မြို့နယ် စာစစ်ဌာနအနေဖြင့် လွိုင်လင်မြို့၊ အ.ထ.က(၂) နှင့် ပင်လုံမြို့ အ.ထ.က(၁)ကျောင်းများတွင်စာစစ်ဌာန နှစ်ခုထားရှိပါသည်။

အဆိုပါ ၂၀၂၃ ခုနှစ်  တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ လွိုင်လင်မြို့နယ်မှ ဇီဝ‌ဗေဒ၊ ဘောဂဗေဒ ဘာသာရပ် ဖြေ‌ဆိုသည့် နေ့တွင် အ.ထ.က(၂) လွိုင်လင်စာစစ်ဌာန၌ ဖြေဆိုရန် စာရင်းရှိ ( ၁၆၂)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၁၃၅ ) ဦးရှိကြောင်း၊ ပင်လုံ အ.ထ.က(၁) စာစစ်ဌာန တွင် စာရင်းရှိ (၁၂၃ )ဦး ဝင်ရောက်ဖြေဆိုသူ (၁၁၅)ဦးရှိကြောင်း၊ စာစစ်ဌာန နှစ်ခုတွင် ဖြေဆိုသူစုစုပေါင်း (၂၅၀) ဦးရာ ဖြေဆိုရန် ပျက်ကွက်သူ(၃၅)ဦး ရှိကြောင်း၊ ဖြေဆိုမှု ရာခိုင်နှုန်းမှာ   ၈၇.၇၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်ပြန်/ဆက်(လွိုင်လင်)