အမြို့မြို့အနယ်နယ်သတင်းများ

Mar 15,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကျောင်းသားလူငယ်များအနေဖြင့် တပ်မတော်နေ့အကြောင်းအရာ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲပိုင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနများမှ စာမေးပွဲဖြေဆိုပြီး ကျောင်းသား၊ ကျောင်းသူမျာထံ သွားရောက်ဖြန့်ဝေခဲ့သည်။
Mar 15,2023
မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဖြစ်သည့် အေရိုးဗစ်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ( World Consumer Rights Day) အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးတွင် ကျင်းပပြုလုပ်သည်။
Mar 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Myat Mi Ba NG Industry Co.,Ltd(​ရွှေဝါစက်ရုံ)မှ အာမခံအလုပ်သမားဦးမျိုးသန့်သည် (၂၉.၁၂.၂၀၂၂)ရက်​နေ့ ည​နေ(၄း၀၀)နာရီအချိန်တွင် အလုပ်တာဝန်ပြီးဆုံး၍ စက်ရုံမှနေအိမ်ရှိရာသို့ပြန်လာစဥ် လှိုင်သာယာအဆင့်မြင့်မှတ်တိုင်အနီးတွင် ယာဥ်တိုက်မိ၍ ​သေဆုံးခဲ့ပါသည်။
Mar 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီဘောလုံးအားကစား သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့်(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ယနေ့မွန်းတည့် ၁၂ နာရီ စာမေးပွဲဖြေဆိုပြီးချိန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ လုံခြုံရေးတာဝန်ယူနေကြသော နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့်များပေးဝေခြင်းကို ယနေ့နံနက်ပိုင်း အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ဆောင်ရွက်ခဲ့သည်။
Mar 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့တွင် ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာရပ်တို့အား အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ ကျောင်းသား၊ ကျောင်းသူများ ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီထိ ပျော်ရွှင်အေးချမ်းစွာ ဖြေဆိုခဲ့ကြသည်။