မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community   Centre)တွင် တပ်မ​တော်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ

မြောင်းမြ မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်မြင့်မားလာစေမည့် ပြိုင်ပွဲများဖြစ်သည့် ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် မြန်မာစာ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နေ့လယ် (၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲများကို  ကလေးများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဉာဏ်သွေး တိုးတက်သွက်လက် ထက်မြက်လာစေရန်၊ တစ်ဦးနှင့် တစ်ဦး ရင်းနှီးကျွမ်းဝင်ပြီး ပူပေါင်းလုပ်ဆောင်တတ်စေရန်၊ စိတ်ကူးဉာဏ်ကွန့်မြူး လာတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ပြုလုပ်ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာ အလယ်တန်းတန်းအဆင့် ကျောင်းသား/သူတို့က စိတ်ပါဝင်စား ပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင် ပစ္စည်းများနှင့် မုန့်များပေးဝေခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူများ စာအုပ်စာပေ ချစ်မြတ်နိုးတတ်လာစေရန်၊ စာဖတ်ရှိန် မြင့်မားလာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး တိုးတက်လာစေရန် ရည်ရွယ်၍  ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာဖတ်ဝိုင်းများ၊ နယ်လှည့်စာငှားခြင်းတို့ကို  ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)