ညောင်ဦးမြို့၌ နွေရာသီအခြေခံပန်းချီသင်တန်းနှင့် နေ့စဉ်သုံး အင်္ဂလိပ်စကားပြော သင်တန်းဖွင့်လှစ်

ညောင်ဦး   မတ်  ၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားကျောင်းသူများ နွေရာသီအားလပ်ရက်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အခြေခံပန်းချီသင်တန်းနှင့် နေ့စဉ်သုံး အင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားပြီး၊ အခြေခံပန်းချီ သင်တန်းပို့ချမည့် ပန်းချီဆရာ ဦးဆန်းနိုင်မှ အခြေခံပန်း ချီရေးဆွဲနည်းနှင့် ပန်းချီဆွဲရာတွင် လိုအပ်သည့် ပစ္စည်းများ ပြောကြားကာ၊ အခြေခံအင်္ဂလိပ်စကားပြော သင်ကြားမည့် ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဆရာမ ဒေါ်ငြိမ်းငြိမ်းသူတို့က သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း သိရကာ သင်တန်းကာလ (၁၁)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ 

ဒီပါလင်း