မချမ်းဘော့ မတ် ၁၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နေ့လည် ၁၂ နာရီက မချမ်းဘော့မြို့ အခြေခံပညာ အထက်တန်းကျောင်းရှေ့နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှေ့တို့၌ ဖြန့်ဝေခဲ့သည်။
အဆိုပါ တပ်မတော်နေ့ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ၂၇-၃-၂၀၂၂ ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၃-၇-၁၉၄၇ ရက်နေ့မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့ အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ၂၃-၃-၂၀၂၂ ရက်နေ့ မြန်မာ့အလင်းသတင်းစာပါ ဖိုးလေးသောင်းကိုကို ရေးသားသည့် ပြည်သူချစ်တဲ့တပ်မတော်ကဗျာ၊ ကာတွန်း၊ တပ်မတော်အင်အား (၁၀)ပါး၊ တပ်မတော်နေ့နှင့် သက်ဆိုင်သော ဆောင်ပုဒ်များ စာစုများ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ယင်းသတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်၊ ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်နှင့် ဝန်ထမ်းများက ခြေခံပညာအထက်တန်းကျောင်း မချမ်းဘော့၌ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ် ဖြေဆိုနေကြသည့် ကျောင်းသူ၊ ကျောင်းသားများ ဖြေဆိုပြီးအပြန်တွင် လည်းကောင်း၊ စာမေးပွဲအပြင် စည်းလုံခြုံရေး တာဝန်ယူထားသည့် ကော်မတီဝင် အဖွဲ့များကိုလည်းကောင်း၊ မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သော စာဖတ်ပရိတ်သတ် ကျောင်းသူ၊ ကျောင်းသားများကိုလည်းကောင်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)