ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ငွေကျပ်(၁၁၂.၅၀) ကျပ်သန်း အကုန်အကျခံကာ ကျေးလက်လမ်း(၄)လမ်းအား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည် မတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်ထွက်ကုန်များ လယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေး ငွေကျပ်(၁၁၂.၅၀)ကျပ်သန်း အကုန်အကျခံကာ ကျေးလက်လမ်း(၄)လမ်းအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါပြန်လည်ပြုပြင်ပေးခဲ့သောလမ်းများမှာ ကျောက်ဆည်-မြစ်သား မြို့နယ်ချင်းဆက်လမ်းနှင့်ဆက်သွယ်ထားသည့် ရွှေအင်း-ရှင်ငယ်ကျလမ်း၊ ကျောက်ဆည်-ငှက္ကတောင်လမ်း၊ ဆည်ကုန်း-ဈေးရွာလမ်း၊ ကျောက်ဆည်-တံတားမြို့နယ်ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့်မြောင်းဦး၊ မြင့်ကြီးတန်းကျေးရွာ အထွက်လမ်းများဖြစ်ကြောင်းနှင့် အဆိုလမ်းများ ပြန်လည်ပြုပြင်ပေးခဲ့ခြင်းဖြင့် ဒေသခံကျေးရွာ(၁၂)ရွာမှ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍစုံ ဖွံ့ဖြိးတိုးတက်လာတော့မည်ဖြစ်ကြောင်းနှင့် ဒေသထွက်ကုန်များ သယ်ယူရာတွင် ကုန်ကျစရိတ် သက်သာစွာဖြင့် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်တော့မည်ဖြစ်ပြီး သိရှိရသည်။

ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး၏ (၈၀)ရာခိုင်နှုန်းနှင့်နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ၏ (၉၀)ရာခိုင်နှုန်းအပေါ် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် နှစ်စဉ်လိုအပ်ချက်များအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)