Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဟုမ္မလင်းမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်သွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြ ဆရာဖြစ်သင်တန်းဖွင့်ပွဲကျင်းပ
Jun 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်သွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ခရိုင်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
Jun 23,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဇုန်အတွင်းရှိ လုပ်ကွက်အလိုက် မွေးမြူထားရှိမှု အခြေအနေ၊ တိရစ္ဆာန်အစာပင်နှင့် လေကာပင်များ စိုက်ပျိုးထားရှိမှုအခြေအနေ၊ မွေးမြူရေးခြံများ တည်ဆောက်နေမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပလတ်စတစ်အိတ်သုံးစွဲမှု လျော့ချရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ၊ ငှက်ပျောဖက်များဖြန့်ဝ…
Jun 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့ချသုံးစွဲစေရန်ရည်ရွယ်၍ ဇေယျာသီရိဈေးတွင် ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ငှက်ပျောဖက်များဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့၊ ငွေတောင်ဦး ဘုန်းကြီးကျောင်းရှိ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်
Jun 23,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဇွန် ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ခပေါင်းချောင်းရေကြီးရေလျှံမှုဖြစ်ပေါ်ကာ မြေနိမ့်ပိုင်းရှိ ကျေးရွာများသို့ ချောင်းရေဝင်ရောက်ခဲ့မှုကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားလျက်ရှိရာ ယနေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက တောင်ငူမြို့၊ အမှတ် (၁၈)ရပ်ကွက်၊ ငွေတောင်ဦးဘုန်းကြီးကျောင်းရှိ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးကြည့်ရှုစစ်ဆေးပေးသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Jun 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၈)နာရီ (၃၀)မိနစ်အချိန်ကစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jun 23,2025
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကို ဇွန်လ ၂၀ ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ် အသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပ
Jun 23,2025
“မူးယစ်ဆေးသုံးလူညွန့်တုံး၊ ဆုံးရှုံးဘဝကာကွယ်ကြ” ဆိုသည့်စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါး၏ ကျေးကျွန်များဘဝ မရောက်ရှိစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက်ရည်ရွယ်ပြီး သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့၏ ဦးဆောင်စီစဉ်မှုဖြင့် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုတို့ ပူးပေါင်းကျင်းပသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောဆေးဝါးများအန္တရာယ် အသိပညာပေးဆွေးနွေးဟောပြောပွဲ အခမ်းအနားကို ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်…
Jun 23,2025
၂၀၂၅ခုနှစ်၊ ဇွန်လ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1260
Page
1261
Page
1262
Page
1263
Current page
1264
Page
1265
Page
1266
Page
1267
Page
1268
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department