ဟုမ္မလင်း ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်သွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ခရိုင်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပရာတွင် မဲမသမာမှုများမရှိစေရေးတွက် မဲပေးစက်များဖြင့် ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မဲရုံများတွင်တာဝန်ထမ်းဆောင်မည့် မဲပေးစက်ကိုင်တွယ်သူများကို ဆင့်ပွား သင်တန်းပေးနိုင်ရေးအတွက် ယခုကဲ့သို့မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ သင်တန်းသား/ သင်တန်းသူများ အနေဖြင့် စိတ်ပါဝင်စားစွာဖြင့် ကျွမ်းကျင်သည်အထိ ကြိုးစားလေ့လာသင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုမောင်က MEVM (Myanmar Electronic Voting Machine)နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက်တက်ရောက်လာကြသော ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များ၊ခရိုင်/မြို့နယ်အဆင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ သင်တန်းသား/ သင်တန်းသူများက MEVM (Myanmar Electronic Voting Machine)စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ နည်းပြဆရာဖြစ် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၂၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)