တောင်ငူမြို့၊ ငွေတောင်ဦး ဘုန်းကြီးကျောင်းရှိ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်

တောင်ငူ ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဇွန် ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ခ​​​ပေါင်းချောင်းရေကြီးရေလျှံမှု​ဖြစ်ပေါ်ကာ မြေနိမ့်ပိုင်းရှိ ကျေးရွာများသို့ ချောင်းရေဝင်ရောက်ခဲ့မှုကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားလျက်ရှိရာ ယနေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက တောင်ငူမြို့၊ အမှတ် (၁၈)ရပ်ကွက်၊ ငွေတောင်ဦးဘုန်းကြီးကျောင်းရှိ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးကြည့်ရှုစစ်ဆေးပေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးပေးရာတွင် ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမီမီခင်၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ငွေတောင်ဦးဘုန်းကြီးကျောင်းရှိ ရေဘေးရှောင်ပြည်သူများအား ကူးစက်ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောပြီး ကျန်းမာရေးကြည့်ရှုစစ်ဆေးကာ လိုအပ်သည့်ဆေးဝါးများ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)