ကွန်ဟိန်း ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၈)နာရီ (၃၀)မိနစ်အချိန်ကစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသောရုံးပိတ်ရက်များမှအပ ဇွန်လ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရုံးဖွင့်ရက်များတွင်ထုတ်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းပင်စင်လစာထုတ်ပေးသူ စုစုပေါင်း(၂၃၁)ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)