Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မင်းကင်းမြို့တွင် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ (ဒုတိယပတ်) ပြုလုပ်
Dec 14,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ဒီဇင်ဘာ အားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၆ နာရီခွဲက မင်းကင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ စာတိုက်ကုန်းလမ်းထိပ်တွင် စုရပ်ပြု၍ အမှတ်(၃)ရပ်ကွက်၊ ပြည်သူ့အားကစားကွင်းတွင် ၀င်ရောက်ကာ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို စုပေါင်း ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မည့် စစ်တုရင် အားကစားအဖွဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာ
Dec 14,2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စစ်တုရင် အားကစားနည်းမှ အားကစားသမား(၈)ဦး တို့သည် ယမန်နေ့နံနက် ၆ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာသွားရာ အဆိုပါအားကစားအဖွဲ့ကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များလိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်များ တပ်ဆင်ပုံသရုပ်ပြ
Dec 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) များ တပ်ဆင်ပုံအဆင့်ဆင့် သရုပ်ပြသခြင်းကို ယမန်နေ့ညနေပိုင်းက ဆူးလေဘုရားလမ်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေး အဆောက်အဦ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်၌ မဲရုံပတ်ဝန်းကျင်အနီးရှိ နေရာများ မီးဘေးလုံခြုံရေးစစ်ဆေး
Dec 14,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပွင့်လင်းခြောက်သွေ့သော ရာသီအချိန်သို့ရောက်ရှိလာပြီဖြစ်သောကြောင့် မဲရုံပတ်ဝန်းကျင်အနီး မီးသတ်ကားအလွယ်တကူ ဝင်ရောက်၍ မရနိုင်သောနေရာများ၊ မီးလောင်မှုနှင့် မီးလန့်မှုများ လျော့နည်းကျဆင်းလာစေရေးအတွက် ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ၈၄×၈၅လမ်းကြား၊ ၁၀၄ လမ်း×၁၀၅လမ်းကြားရှိ အကွက်အမှတ်(၅၀၁)အား တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်လှိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Dec 14,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်သည် တာဝန်ရှိသူများအတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံးတုံးကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ကြည့်ရှုအားပေး
Dec 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်(၁၈)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများနှင့် ပျက်စီး၊ ပျောက်ဆုံး ပြည်သူများအား ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယမန်နေ့နံနက်ပိုင်းက One Stop Service ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား မြို့နယ်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်
Dec 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်မဲရုံများအဖြစ် ဆောင်ရွက်ထားရှိမည့်နေရာများအား မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်လျက်ပေးရှိရာ စိုက်မွေး (၁+၂) ရပ်ကွက်နှင့် လေးထောင့်ကန်ရပ်ကွက်တို့တွင်လည်း ယမန်နေ့နံနက် (၉) နာရီ (၃၀)မိနစ်မှစတင်ကာ ဆက်လက်ဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ) ကော့သောင်းမြို့၌ ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအားတွေ့ဆ…
Dec 14,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)၊ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့်အတူ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကော့သောင်းခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တာဝန်ရှိသူများအား ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေးခန်းမတွင်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေးကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
121
Page
122
Page
123
Page
124
Current page
125
Page
126
Page
127
Page
128
Page
129
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department