Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုးညှင်းမြို့နယ်သမဝါယမဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားများအား သွင်းအားစုများ ပေးအပ်
Jun 10,2026
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ယခုမိုးစပါး စိုက်ပျိုးကာလအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် ယနေ့နံနက် (၁၀)နာရီက သွင်းအားစု ဓာတ်မြေဩဇာများ ပံ့ပိုးပေးအပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရက် (၁၀၀) စီမံချက် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေ…
Jun 10,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရက် (၁၀၀) စီမံချက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်၌ သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား အခြေခံစာရင်းရေးစာရင်းကိုင်သင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြား
Jun 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်တို့ ပူးပေါင်းဆောင်ရွက်သည့် မြို့နယ်သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေးစာရင်းကိုင်သင်တန်းအား ဇွန် ၁၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါအသင်းရုံး၌ခန်းမ၌ ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်၌ သီတဂူစက္ခုဒါနအလှူတော်အတွက် မျက်စိအတွင်းတိမ်နှင့် မျက်စိရောဂါစမ်းသပ် စစ်ဆေး
Jun 10,2026
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းလှမြို့နယ်၌ သီတဂူစက္ခုဒါနအလှူတော်အတွက် မြို့ပေါ်ရပ်ကွက်နှင့် သပြေတောကျေးရွာရှိပြည်သူများကို တောင်တွင်းကြီး မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းဌာနမှ အတွင်းတိမ်နှင့် မျက်စိရောဂါစမ်းသပ်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မင်းလှမြို့ ဦးကင်းဓမ္မာရုံနှင့် သပြေတောကျေးရွာရှိ ဘုန်းကြီးကျောင်း၌ စမ်းသပ်စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်၌ အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး
Jun 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ရန်ကုန်မြို့နေပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်သည့် အကျင့်ကောင်းများ ရရှိစေရေးနှင့် အစဉ်တစိုက် လိုက်နာစေရေးတို့အတွက် အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းက ဆူးလေဘုရားလမ်း၊ မဟာဗန္ဓုလပန်းခြံ၊ မြို့တော်ခန်းမရှေ့၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်၌ သဘာဝမြေဩဇာ ဘိုင်အိုချာထုတ်လုပ်နည်း လက်တွေ့ပြုလုပ်ပြသ
Jun 10,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဒေသခံတောင်သူများအား သဘာဝမြေဩဇာ ဘိုင်အိုချာထုတ်လုပ်နည်း လက်တွေ့ပြုလုပ်ပြသခြင်းကို ယမန်နေ့က အမှတ် (၁) ရပ်ကွက် ဦးမျိုးလွင်ဦးနေအိမ်ခြံဝန်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ၂၈၂၆၅ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိ
Jun 10,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်(၁)ရက်နေ့က စတင်၍ ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း ၂၈၂၆၅ ဦး စိတ်အေးချမ်း ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် လက်ဝဲကျေးရွာ၌ ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းဖွင့်လှစ်
Jun 10,2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်တာဝန်ခံရုံး)မှ ရက်(၁၀၀)စီမံချက်ဖြင့် ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းကို ဇွန်လ ၉ ရက် ညနေ ၃ နာရီက စဉ့်ကိုင်မြို့နယ် လက်ဝဲကျေးရွာ ဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
117
Page
118
Page
119
Page
120
Current page
121
Page
122
Page
123
Page
124
Page
125
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department