သန်လျင်၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား

ရန်ကုန် ဇူလိုင် ၂၉

သန်လျင်မြို့နယ်တွင် ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်နေ့ဖြစ်သည့် အားလျော်စွာ တန်ခိုးကြီးဘုရားများဖြစ်သော ကျိုက်ခေါက်စေတီ၊ ကျိုက်ဒေးယျုံစေတီ၊ ကျိုက်ဗောဓိစေတီ၊ ကျိုက်မြတ်ခမွန်မွေးလွန်းရှင်စေတီတော်တို့တွင် ပန်း၊ ရေချမ်း၊ ဆီးမီးကပ်လှူသူများ၊ တရားဘာဝနာပွားများသူများ၊ ရွှေသင်္ကန်းကပ်လှူသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့အတူ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ ဘုရား‌စေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများတွင် ဥပုဒ်သီတင်းဆောက်တည်ကြသူများကို တွေ့ရသည်။ ဝါဆိုလပြည့်နေ့တွင် ဘုရားစေတီ၊ တန်ဆောင်း၊ ဓမ္မာရုံများတွင် ဝတ်ရွတ်စဉ်များ ရွတ်ဖတ်ပူဇော်လျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)