ကျိုက်လတ်၌ ဘုရားဖူးသူများဖြင့် စည်ကား

ကျိုက်လတ် ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ (၇) ဖြတ်လမ်းရှိ တိလောကမာရဇိန်မြတ်စွာဘုရားကြီးတွင် ဝါဆိုလပြည့် ဓမ္မစကြာအခါ‌တော်နေ့၌ ဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိသည်။

ကျိုက်လတ်မြို့နယ်အတွင်းရှိ ဘုရား၊ စေတီပုထိုးများတွင် ဝါဆိုလပြည့် ဓမ္မစကြာအခါ‌တော်နေ့၌ ဘုရားဖူးလာရောက်သူများဖြင့်စည်ကားလျက်ရှိပြီး၊ ဘုရားများတွင် ဆီမီး၊ ရေချမ်း၊ ဘုရားပန်း၊ အမွှေးတိုင် ဆက်ကပ်လှူဒါန်းခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။

ထို့နောက် စေတနာရှင်များစုပေါင်း၍ အာဟာရဒါနစတုဒိသာများဖြင့် ကျွေးမွေးလှူဒါန်းခဲ့ရာ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများက ဝင်ရောက်စားသုံး၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင် (ပြန်/ဆက်)