ဖျာပုံမြို့၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

ဖျာပုံ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်တော်ကြီးပတ်လမ်းကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့ နံနက် (၈) နာရီအချိန်က အဆိုပါကန်တော်ကြီးကန်ဘောင်တွင် ကျင်းပသည်။

ရှေးဦးစွာ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်တော်ကြီးပတ်လမ်းကွန်ကရစ်လမ်းသစ်အား ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအေးကြိုင်နှင့် ဖျာပုံမြိုမိ မြို့ဖများကိုယ်စား ဦးအောင်ခိုင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကန်တော်ကြီးပတ်လမ်းကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါကန်တော်ကြီးကန်ဘောင် ကွန်ကရစ်ကန်ပတ်လမ်းသည်အရှည် (၄၀၀၀) ပေ၊ အကျယ် (၆) ပေ၊ (၄.၅) လက်မထုနှင့် အပန်းဖြေအနားယူရန် နှစ်ယောက်တွဲထိုင်ခုံ (၄၀) လုံး ပြုလုပ်ခြင်းအတွက် ကုန်ကျငွေ စုစုပေါင်းသိန်း (၁၀၀၀) ဖြစ်ပြီး ကန်တော်ကြီးကန်ဘောင်ကွန်ကရစ်ကန်ပတ်လမ်းပြီးစီးသွားပြီဖြစ်၍ ကန်ဘောင်ပေါ်တွင် ပြည်သူများ လေကောင်းလေ
သန့်ရှူရှိက်အပန်းဖြေခြင်း၊ လမ်းလျှောက်ခြင်း၊ ကျန်းမာရေးအရကိုယ်လက်လှုပ်ရှားခြင်း၊ အပြေးလေ့ကျင့်ခြင်းတို့ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်