ကျောက်ဆည်မြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 27,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပို့ချသည့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး ဆင့်ပွားဆွေးနွေးပွဲသို့ တက်ရောက်သည့် ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများအား (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။