သီပေါ မတ် ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၆ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မတ် ၂၆ ရက်နေ့ မွန်းလွှဲ (၁) နာရီက ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များနှင့် မြို့မဈေးစသည့်နေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓ္ဓမ မင်းအောင်လှိုင် (၂၇-၃-၂၀၂၅) ရက်နေ့ နှစ် (၈၀) ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ အားသစ်စေကြောင်း ပြည့်သားကောင်းကဗျာ၊ ကာတွန်း၊ ဆောင်ပါးနှင့် ဆောင်ပုဒ်များပါဝင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)