သတင်းများ

ဝိုင်းမော်မြို့နယ်၌ ရုပ်ပုံကြည့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Oct 09,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၃ခုနှစ်၊ ပညာတန်ဆောင်စာပေ ပြိုင်ပွဲ ရုပ်ပုံကြည့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက‌ အောင်မင်္ဂလာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ထီးချိုင့်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Oct 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယ‌မန်နေ့ မွန်းလွဲ (၁၂)နာရီအချိန်က ကျင်းပခဲ့သည်။
ဟင်္သာတမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ၊ သက်ငယ်မုဒိမ်း ဖြစ်ပွားမှုနှင့် ဆောင်ရန်ရှောင်ရန်များ အသိပညာပေး ကွင်းဆင်းဟောပြော
Oct 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ၊ သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှင့် ဆောင်ရန်ရှောင်ရန်များ ၊လူကုန်ကူးမှုဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည်။
အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း (အင်းတော်) ၌  ကျောင်းသား/သူများအား ပန်းခင်းစီမံချက်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး
Oct 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း (အင်းတော်)၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးသော ကျောင်းသား/သူများအား ပန်းခင်းစီမံချက် -၂ ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အင်းတော်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ ဆောင်းသီးနှံ ပန်းတိုင်အထွက်နူန်း ပြည့်မီကျော်လွန်စေရေးအတွက်  အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Oct 08,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နူန်း ပြည့်မီကျော်လွန်စေရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများက အောက်တိုဘာလ ၇ ရက်နေ့တွင် ကျွဲရိုင်းပြင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာသို့သွားရောက်၍  တောင်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေး အသိပညာပေးဆွေးနွေး၍ မြေပဲအထွက်ကောင်း မျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဓလေ့ရိုးရာနတ်ပွဲနှင့်ပွဲဈေးသို့ လာရောက်လည်ပတ်သူများဖြင့် စည်ကား
Oct 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရိုးရာနတ်ပွဲကို အမှတ်(၃)ရပ်ကွက်ရှိ နတ်ကွန်း၌ကျင်းပရာ ယနေ့တွင် နတ်ပွဲဈေး လည်ပတ်သူများဖြင့် စည်ကားကြောင်း သိရသည်။
ဟိုပုံးမြို့နယ်ရှိ လှပသော မာရီဂိုလ်းပန်းခင်းကြီးတွင် ခရီးသွားပြည်သူများလာရောက်လည်ပတ်နိုင်
Oct 08,2023
သူ့နာမည်က မာရီဂိုလ်းပါ။ ထပ်တရာပန်း၊ ဒေပါလီ၊ ရွှေတဆုပ်၊ ကုလားပန်းစသည့်ဖြင့် ဒေသအလိုက် အမည်အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ယခုနှစ်မှ စတင်စမ်းသပ်စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ မာရီဂိုလ်းပန်းကို ဧပြီလ သင်္ကြန်ပြီးကာလ တွင် စတင်ပျိုးထောင်ပြီး ပျိုးပင်သက်တမ်း တစ်လဝန်းကျင်ရှိသောအချိန်တွင် ပြောင်းရွေ့စိုက်ပျိုးရ သည်။ စတင်စိုက်ပျိုးပြီး (၂)လအကြာတွင် ပန်းပင်လယ်ဟု တင်စားရလောက်အောင် ပန်းများလှိုင်လှိုင် ဖူးပွင့်သည်။ ထိုပန်းများစတင်ဖူးပွင့်ချိန်မှစ၍ ဟိုပုံးမြို့နှင့် အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ၊ ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်အပန်းဖြေခြင်း၊ အလှဓာတ်ပုံရိုက်ကူးခြင်းများဖြင့် စိတ်နှလုံးကြည်နူး မှုကို ပေးနိုင်သည့် ဈေးကွက်ဝင်ပန်းအလှ တစ်မျိုးဖြစ်ခဲ့သည်။
မက်မန်းမြို့နယ်တွင် နို့စားကျွဲမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးပညာပေး‌ဟောပြောပွဲကျင်းပ
Oct 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသတွင်းမွေးမြူရေးဖွံ့ဖြိုးရန်၊ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေန် ရည်ရွယ်၍ နို့စားကျွဲ မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မက်မန်းမြို့၊ ကွန်ဟောင်း ကျေးရွာတွင်  ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သွားရောက် အသိပညာပေး ဟောပြောခဲ့သည်။