ဝိုင်းမော် အောက်တိုဘာ ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၃ခုနှစ်၊ ပညာတန်ဆောင်စာပေ ပြိုင်ပွဲ ရုပ်ပုံကြည့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အောင်မင်္ဂလာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးအံ့ခိုင်က ကြီးကြပ်၍ ဝိုင်းမော်မြို့နယ် အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှု တွေးခေါ်မှု အားကောင်းလာစေရန်နှင့် လေ့လာစူးစမ်းပြီးလေ့လာမှုူ အားကောင်းစေရန်အတွက် ရုပ်ပုံကြည့်စာစီစာကုံးပြိုင်ပွဲကို ရည်ရွယ်၍ကျင်းပရကြောင်း၊ ယင်းပြိုင်ပွဲကို မူလတန်းထက်ဆင့် Grade-(3)၊ (4)၊ (5) ကျောင်းသူ၊ ကျောင်းသား(၃၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ဖြူစင်