သတင်းများ

ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Oct 08,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်
Oct 08,2023
၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့်တွေ့ဆုံဆွေးနွေး
Oct 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးနိုင်ရေးအတွက်  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဟိုပန်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ
Oct 08,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီနပ်သည် အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်၌ ဆောင်းသီးနှံ  သီးထပ် အပြည့်အဝစိုက်ပျိုးရေး ဟောပြောပွဲ ကျင်းပ
Oct 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊  တော်ခရမ်းအနောက်ကျေးရွာတွင် စိုက်ပျိုးရေးတောင်သူများအား ဆောင်းသီးနှံ အပြည့်အဝ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်တာဝန်ရှိသူများသည် မလိဝမ်းရွှေဖြူကုမ္ပဏီလီမိတက်၏ အရည်သွေးမြင့်ရော်ဘာအလုပ်ရုံ လုပ်ငန်းဆောင်ရွက်မှုများအားကွင်းဆင်းကြည့်ရှု
Oct 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြိုနယ်၊ မလိဝမ်းကျေးရွာရှိ မလိဝမ်းရွှေဖြူကုမ္မဏီလီမိတက်၏ လုပ်ငန်းဆောင်ရွက်မူအခြေအနေများအား ယမန်နေ့မွန်းလွဲ(၁၂:၃၀)အချိန်က တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများသည် လုပ်ငန်းဆောင်ရွက်နေမူများနှင့်ပတ်သက်၍လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ (Snack & Bakery) သင်တန်းဆင်းပွဲ ကျင်းပ
Oct 08,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရှင်စောပုရပ်ကွက်တွင် အသေးစားစက်မှူလက်မှုလုပ်ငန်း ဦးစီးဌာနက ကြီးမှူး၍  ဘေးဒဏ်သင့် ပြည်သူများအတွက်  စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး စီမံကိန်းဖြင့် ဖွင့်လှစ်သော တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ(Snack & Bakery)သင်တန်း ဒုတိယအကြိမ်ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရှင်စောပုရပ်ကွက်ရှိ မေသရဖူသင်တန်းကျောင်းခန်းမ၌  ကျင်းပသည်။