ထီးချိုင့်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ထီးချိုင့် အောက်တိုဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယ‌မန်နေ့ မွန်းလွဲ (၁၂)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်အုန်းမြင့်က ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်လာရန်၊ စာဖတ်စွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသွားပါသည်။

ထို့နောက် ဒို့ကျေးရွာဂျာနယ်မှ မြေဆီလွှာပျက်စီးမှုကို ကာကွယ်ခြင်းခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား/သူများအား ဗလာစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရပါသည်။

ရဲလင်းထွန်း (ထီးချိုင့်)