သတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မောင်တောမြို့နယ်အတွင်း စမ်းသပ်သန်းခေါင်စာရင်းကောက်ခံနေမှုအားလှည့်လည် ကြည့်ရှုပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 09,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ယမန်နေ့နံနက်ပိုင်းက မောင်တောမြို့နယ်အတွင်း စမ်းသပ်သန်းခေါင်စာရင်းကောက်ခံနေမှုအား လှည့်လည်ကြည့်ရှုပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင် ရွက်ခဲ့ကြသည်။
သရက်ချောင်းမြို့နယ်၌ (၂၄)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်ထောင်စုအဆင့် ပြိုင်ပွဲဝင်မည့်သူများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Oct 09,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၂၄)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (အခြေခံပညာအဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်တွင် ဆုရရှိပြီး ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ မြိုမရပ်ကွက်ရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။
ကျွန်းစုမြို့ လူထုအခြေပြုဗဟိုဌာန၌  စာဖတ်ဝိုင်း ပြုလုပ်
Oct 09,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Women Club) တို့ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ(၃)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတနည်းပညာတက္ကသိုလ်၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ကျောင်းသား၊ ကျောင်းသူများ Global Earth Agro & Aqua Industry Public Co., Ltd သို့ လာရောက်လေ့လာမှုများကို ကြည့်ရှုအားပေး
Oct 09,2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည်  ယမန်နေ့မွန်းလွဲပိုင်းတွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့ သွားရောက်၍ ဟင်္သာတ နည်းပညာတက္ကသိုလ်၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှ ကျောင်းသား၊ ကျောင်းသူ ၉၆ ဦးတို့သည် လေ့လာရေးခရီးစဉ်အနေဖြင့် ငါးမွေးမြူရေး၊ စပါးခွံလောင်စာသုံး gasifier ဖြင့် gas engine အသုံးပြုပြီး  လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် လေ့လာနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာများ အတူတကွ သုံးဆောင်ခဲ့ကြသည်။
ကျောက်ဆည်မြို့နယ် ကင်းကျေးရွာတွင် စိုက်ပျိုးထားသော ဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း
Oct 09,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာတောင်သူ ဦးသန်းအောင်၏ ကွင်းအမှတ်(၂၅၄-က)တွင် စိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ကသာမြို့၌ (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ကျောင်းသူလေးများအား ထိုးနှံပေး
Oct 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့တော်ခန်းမ၌ ခရိုင်ကျန်းမာရေး ဦးစီးဌာနမှ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ် မကျော်သည့် ကျောင်းသူလေးများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း) ဒုတိယအကြိမ်မြောက် တနိုင်းမြို့နယ်လုံးဆိုင်ရာ သံဃဒါနသလာကဘတ္တစာရေးတံမဲလှူဒါန်းပူ‌ဇော်ပွဲ
Oct 09,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) ဒုတိယအကြိမ်မြောက် တနိုင်းမြို့နယ်လုံးဆိုင်ရာ သံဃဒါနသလာကဘတ္တစာရေးတံမဲလှူဒါန်း ပူ‌ဇော်ပွဲကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၈ နာရီခွဲက တနိုင်းမြို့၊ ထေရဝါဒဗုဒ္ဓ သာသနာပြုဗဟို (မြို့မ) ကျောင်းတိုက်၌ လှူဒါန်းပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်၌ ကျောင်းဆောင်သစ်တည်ဆောက်ရေး ပထမအကြိမ်မြောက် မတည်အလှူငွေပေးအပ်ပွဲ ကျင်းပ
Oct 09,2023
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာရှိ သာသနာ့ရက္ခိတ ကျောင်းတိုက်ဝင်အတွင်း အသစ်တည်ဆောက်သွားမည့် “အာသောက” ကျောင်းဆောင်သစ် တည်ဆောက်လှူဒါန်းနိုင်ရေး ပထမအကြိမ်မြောက် မတည်အလှူတော်ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းတိုက်ဝင်းအတွင်းရှိ ယာယီမဏ္ဍာပ် တွင် ကျင်းပပြုခဲ့သည်။