ပေါင်းတည် အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အယ်နီညိုနှင့် စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ ယနေ့နံနက် ၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
ထိုအသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် အသိပညာပေးဆွေးနွေးမှုကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးဌာနမှူး ဒေါ်ခင်မာမာက အယ်နီညိုဖြစ်ပေါ်လာမှုကြောင့် စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့ပါးစေရန် ရည်ရွယ်၍ ပရိုဂျက်တာဖြင့်အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယသီးနှံစိုက်ပျိုးမှုတွင် ကြုံတွေ့လာနိုင်သည့် ပြဿနာအခက်အခဲများကို ကျော်လွှားနိုင်ရန် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့များနှင့် ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် တောင်သူများသို့ ထပ်ဆင့်ကြိုတင်တိုက်တွန်းနှိုးဆော်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)