ပုဏ္ဏားကျွန်းမြို့၌ စွန့်ပစ်ပစ္စည်းဆိုင်ရာလုပ်ငန်းစီမံချက်အရ လူထုလှုပ်ရှားမှု စုပေါင်းအမှိုက်ကောက်
Oct 17,2023
ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီး၍ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစီမံချက်အရ ပုဏ္ဏားကျွန်းမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ PDYO လူမှုကူညီရေးအသင်း၊ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းနှင့်ဒေသခံပြည်သူများပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တော်ဓာတ်စေတော်မြတ်ကြီးရင်ပြင်၌ လူထုလှုပ်ရှားမှု စုပေါင်းအမှိုက်ကောက်ပွဲဆောင်ရွက်ခဲ့ကြသည်။